မြန်မာနိုင်ငံတွင် အိုမီခရွန် ရောဂါပိုး တွေ့သူ ( ၄ )ဦး စတင်တွေ့ရှိ

Wednesday, December 29, 2021



ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာ နိုင်ငံသား ၄ ယောက်မှာ  SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက် ည ၈နာရီက ထုတ်ပြန်လိုက်ပါတယ်။

အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူ ၄ ယောက်ထဲမှာ ၁ ယောက်က သာမန်ရောဂါလက္ခဏာ တွေ့ရှိရပြီး ကျန် ၃ ယောက်က  ရောဂါလက္ခဏာ မတွေ့ရှိရဘူးလို့ ဖော်ပြထားပါတယ်။

ပိုးတွေ့သူ ၄ ယောက်စလုံးကို ကုသရေးစင်တာတွေမှာ  စောင့်ကြပ်ကြည့်ရှုပြီး သတ်မှတ်ရက်ပြည့်မြောက်လို့ ကျန်းမာရေးကောင်းမွန်တာကြောင့် ကုသရေးစင်တာမှ ဆင်းခွင့်ပြုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

ပြည်ပနိုင်ငံက ဝင်လာတဲ့သူတွေကို ဓာတ်ခွဲ စစ်ဆေးရာမှာ ဒီဇင်ဘာ ၁၄ ရက်နေ့က ဓာတ်ခွဲနမူနာ ၃၀ မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ၂၈ ရက်နေ့က အဲ့ဒီပိုးတွေ့ ဓာတ်ခွဲနမူနာတွေကို ထပ်မံစစ်ဆေးရာမှာ အိုမီခရွန်ပိုးတွေ့သူ ၄ ယောက်နဲ့ ကျန်ဓာတ်ခွဲနမူနာ ၂၄ ခုမှာ  SARS-CoV-2 Variant Delta ရောဂါပိုးတွေ့ရှိရတယ်လို့  ထုတ်ပြန်ထားပါတယ်။

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လား နောင်တ အပါဝင်ပေါ့