ကန့်ဘလူ၊ ပဇီကြီးရွာကို စစ်တပ်ကလေကြောင်းဖြင့် ပစ်ခတ်၊ပြည်သူ အနည်းဆုံး ၁၅၀ ကျော်သေဆုံးသေတာ ကလေးတေ မိန်းကလေးတွေ အရပ်သားတေ
ကန့်ဘလူ
Tuesday, April 11, 2023
at 9:30:00 AM
မြန်မာနိုင်ငံတွင် အိုမီခရွန် ရောဂါပိုး တွေ့သူ ( ၄ )ဦး စတင်တွေ့ရှိ
Wednesday, December 29, 2021
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာ နိုင်ငံသား ၄ ယောက်မှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက် ည ၈နာရီက ထုတ်ပြန်လိုက်ပါတယ်။
အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူ ၄ ယောက်ထဲမှာ ၁ ယောက်က သာမန်ရောဂါလက္ခဏာ တွေ့ရှိရပြီး ကျန် ၃ ယောက်က ရောဂါလက္ခဏာ မတွေ့ရှိရဘူးလို့ ဖော်ပြထားပါတယ်။
ပိုးတွေ့သူ ၄ ယောက်စလုံးကို ကုသရေးစင်တာတွေမှာ စောင့်ကြပ်ကြည့်ရှုပြီး သတ်မှတ်ရက်ပြည့်မြောက်လို့ ကျန်းမာရေးကောင်းမွန်တာကြောင့် ကုသရေးစင်တာမှ ဆင်းခွင့်ပြုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်ပနိုင်ငံက ဝင်လာတဲ့သူတွေကို ဓာတ်ခွဲ စစ်ဆေးရာမှာ ဒီဇင်ဘာ ၁၄ ရက်နေ့က ဓာတ်ခွဲနမူနာ ၃၀ မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ၂၈ ရက်နေ့က အဲ့ဒီပိုးတွေ့ ဓာတ်ခွဲနမူနာတွေကို ထပ်မံစစ်ဆေးရာမှာ အိုမီခရွန်ပိုးတွေ့သူ ၄ ယောက်နဲ့ ကျန်ဓာတ်ခွဲနမူနာ ၂၄ ခုမှာ SARS-CoV-2 Variant Delta ရောဂါပိုးတွေ့ရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။
at 12:43:00 AM








