ဖေကြီးမနက်က ဖုန်းဆက်လာတော့
မင်းတူမ ဖုန်းခေါ်ခိုင်းလို့တဲ့
ပြောသမီးလေးရေဆိုတော့
ဦးကြီးထွဋ်ကို မီးမီးသီချင်း ဆိုပြချင်လို့တဲ့
ဘာသီချင်းများ ဆိုပြမလဲပေါ့
စိတ်ထဲမာ သူ့ကျူရှင်ဆရာမ သင်ပေးတဲ့ ကဗျာလေးတေလောက်ထင်မိတာ
သူ လိုက်ဆိုနေတဲ့သီချင်းလေးကြားတော့ ပိုအံ့ဩသွားမိတယ်
ချစ်ဖို့ကောင်းလိုက်တာ
သူဆိုပြတာလေးနားထောင်ပီး စိတ်ထဲ ဘယ်လိုကြီးမှန်းမသိဘူး ခံစားရတယ်
သူ ဒီအရွယ်လေးနဲ့ ဒီသီချင်းကို ခံစားတတ်နေပီလား
ဒါမှမဟုတ်
သူများကမဲ့ပြရင် ပိုပီးရွဲ့ပြတတ်တဲ့ သူ့ဦးကြီးထွဋ်ကို ဆုံးမနေတာလား
တကယ်တမ်းတော့ နဒီလေးက
ကျနော်နဲ့ - မိသားစု ကြားထဲက
တံတားလေး ဆိုတာ ပိုသိလိုက်ရတယ်။
နဒီလေး
Thursday, September 8, 2022
Labels:
အမှတ်တရ
at 2:22:00 PM