သတိထားပေါ့

Monday, July 17, 2023


 

အနေနီးလို့လည်း သိပ်မပျော်နဲ့ 
သံယောဇဉ်ဆိုတာ ဖြတ်ရခက်တယ် ။
အနေဝေးလို့လည်း စိတ်မကောင်းမဖြစ်နဲ့ ၊
လူဆိုတာ သေကွဲမဟုတ် ရှင်ကွဲကွဲရမှာပဲ ။
သိပ်အချစ်ခံရလို့လည်း သိပ်မပျော်ပါနဲ့ ၊
ရာဂတဏှာကြိုးက ရုန်းရအခက်ဆုံးပဲ ။
သိပ်အမုန်းခံရလို့လည်း ဝမ်းမနည်းနဲ့ ၊
အချစ်ခံရတာများသူထက် ဒုက္ခနည်းတယ် ။
ရုပ်ချောနေလို့လည်း မာန်မတတ်နဲ့ ၊
ရေမချိုးရင် နံကြတာချည်းပဲ ။
ရုပ်ဆိုးနေလို့လည်း အားမငယ်နဲ့ ၊
အချင်းရှိရင် အဆင်းရှိသူထက် သာတယ် ။
ရနေလို့လည်း သိပ်မပျော်ပါနဲ့ ၊
လောဘဆိုတာ အသောသတ်ရခက်တယ် ။
ပေးနေရလို့လည်း ဝမ်းမနည်းပါနဲ့ ၊
သံသရာအတွက် စုဆောင်းပြီးသားဖြစ်တယ် ။
လုပ်တိုင်းဖြစ်နေလို့လည်း သိပ်ဝမ်းမသာနဲ့ ၊
ဘဝင်ဆိုတဲ့ အရူးလေးက တွယ်ကပ်တတ်တယ် ။
လုပ်တိုင်းမဖြစ်လို့လည်း စိတ်မညစ်နဲ့ ၊
လုပ်တိုင်းဖြစ်နေရင် အရှုံးဆိုတဲ့ဝေါဟာရ ဘယ်ရှိမလဲ ?
အရေးလုပ်တာခံရတိုင်းလည်း ဝမ်းမသာနဲ့ ၊
အရေးမလုပ်တော့ရင် အနေရခက်မယ် ။
ချမ်းသာနေလို့လည်း မာနမတတ်နဲ့ ၊
အဲ့ဒီမာနက တရားရဖို့ အကြီးမားဆုံးအတားဆီးပဲ ။
ဆင်းရဲနေလို့လည်း သိမ်ငယ်မနေနဲ့ ၊
ချမ်းသာသူဖြစ်ဖြစ် ဆင်းရဲသူဖြစ်ဖြစ် ၆ပေ၂ပေ တူတူပဲ ။
ချီးမွမ်းခံရလို့လည်း သိပ်မပျော်နဲ့ ၊
လူတကာကိုယ့်အကြောင်း အလုံးစုံမသိဘူးကွယ်။
ကဲ့ရဲ့ခံရလို့လည်း ဝမ်းမနည်းနဲ့ ၊
သူများနှာခေါင်းပေါက်နဲ့ အသက်ရှူနေတာမှ မဟုတ်ဘဲ။
အောင်မြင်နေလို့လည်း သိပ်ဝမ်းမသာနဲ့ 
ကိုယ့်အမှားတွေကို စောင့်ကြည့်နေတဲ့သူရှိတယ်။
မအောင်မြင်လို့လည်း ဝမ်းမနည်းနဲ့
မသေမချင်းကြိုးစားဖို့ အချိန်တွေရှိသေးတယ်။
အလွယ်တကူနဲ့ ဝမ်းနည်း/ဝမ်းသာမဖြစ်ပဲ
အလယ် အလတ် လမ်းစဉ်လိုက်ပြီး
တည်ငြိမ်ရင့်ကျက်တဲ့ စိတ်က
ဘဝအတွက် အကောင်းဆုံးပဲ"
တည်ငြိမ်ရင့်ကျက်နေတဲ့ စိတ်ဟာ
ပင်လယ်ထဲက ရေလိုပဲ။
လောကဓံအချိုမှုန့်တစ်ဇွန်း ခတ်ရုံနဲ့
ပင်လယ်ရေဟာ ချိုမလားပါဘူး၊၊

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လား နောင်တ အပါဝင်ပေါ့