မျက်ကြည်လွှာ လှူဒါန်းခြင်း အကြောင်း

Friday, September 15, 2023


မျက်စိဘဏ်၏ ဆောင်ပုဒ်
မျက်စိလှူကြ၊ မျက်ကြည်ရ ၊ မြတ်သည့် လှူဒါန။
မြန်မာနိုင်ငံတွင် ရန်ကုန်နှင့် မန္တလေး နှစ်မြို့တွင်သာ မျက်စိဘဏ်ရှိသည်။
လူတစ်ဦး၏ မျက်ကြည်လွှာမကောင်းပါက ကွယ်လွန်သွားသူတစ်ဦးလှူဒါန်းခဲ့သည့် မျက်ကြည်လွှာနှင့်သာ အစားထိုးကုသနိုင်သည်။ လူ့မျက်ကြည်လွှာကို အခြားအစားထိုးကုသနိုင်သည့် ပစ္စည်း တီထွင်နိုင်ခြင်း မရှိသေးပေ။ မျက်ကြည်လွှာကို မျက်ကြည်လွှာ အလှူရှင် ကွယ်လွန်ပြီးနောက်မှ ထုတ်ယူခြင်း ပြုလုပ်သည်။ ကွယ်လွန်ပြီး ၄ နာရီအတွင်း မျက်ကြည်လွှာ အလှူရှင်၏ ကျန်ရစ်သူ မိသားစုက မျက်စိဘဏ်သို့ အကြောင်းကြားပေးရသည်။ မျက်စိအတွင်းတိမ်ရှိသူ၊ မျက်မှန်တပ်သူ၊ ဆီးချိုရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူ၊ အသက်အရွယ်ကြီးသူ(၇၅ နှစ်အောက်) များလည်း မျက်ကြည်လွှာ လှူဒါန်းနိုင်သည်။ မျက်ကြည်လွှာ လှူဒါန်းရာတွင် မျက်စိတစ်လုံးလုံးကို ထုတ်ယူခြင်း မဟုတ်ပဲ၊ နာရီမှန်ကဲ့သို့သော အပေါ်ယံအလွှာကိုသာ ထုတ်ယူခြင်းဖြစ်သည်။ မျက်ကြည်လွှာလှူဒါန်းခြင်းဖြင့် ကွယ်လွန်သူ၏ မျက်နှာပုံပန်း သဏန် မပျက်စီးနိုင်ပါ။ မျက်တွင်း ဟောက်ပက် ဖြစ်မသွားပါ။ မျက်ကြည်လွှာကို ဘာသာမရွေး၊ လူမျိုးမရွေး အယုတ်အလတ်၊ အမြတ်မရွေး လှူဒါန်းနိုင်သည်။ မျက်ကြည်လွှာ တစ်စုံပေးလှူခဲ့ခြင်းဖြင့် မျက်ကြည်လွှာ မကောင်းသူနှစ်ဦးအား အလင်းဓာတ်လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ လှူဒါန်းခဲ့ခြင်းကြောင့် မျက်စိမမြင်သူ နှစ်ဦး၏ ဘဝကို အမြင်အာရုံပြန်လည်ရစေပြီး လူ့လောကထဲတွင် စိတ်ချမ်းသာစွာနှင့် နေထိုင်သွားစေနိုင်မှာဖြစ်သည်။ မျက်စိလှူဒါန်းခြင်းသည် အလွန့်အလွန်မွန်မြတ်သော အလှူဒါန ဖြစ်သည်။
ကြိုတင်လှူဒါန်းသူ ကွယ်လွန်ပြီးပါက ကျန်ရစ်သူ မိသားစုမှ မျက်စိဘဏ်သို့ အကြောင်းကြားပေးရန် လိုအပ်သည်။
မျက်စိဘဏ်၏ လိပ်စာ
အမျိုးသားမျက်စိဘဏ်(ရန်ကုန်)
အမှတ်-၃၀၊ နတ်မောက်လမ်း၊ မျက်စိဆေးရုံ၊ ရန်ကုန်မြို့။
ဖုန်း - ၀၁ - ၅၄၉ ၁၇၁၊ ၅၅၇ ၉၅၆၊ ၅၄၁ ၃၀၆
အမျိုးသားမျက်စိဘဏ် (မန္တလေး)
၂၃ လမ်း(၈၀ နှင့် ၈၁ လမ်းကြား)၊ မ-န-န-လ ဆေးရုံးကြီး၊ မန္တလေးမြို့။ 
ဖုန်း - ၀၂ - ၃၉၄၅၀၊ ၀၂ - ၃၁၂၀၀

Ref >>> အမျိုးသားမျက်စိဘဏ်

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လား နောင်တ အပါဝင်ပေါ့