မာနတွေ ပြိုင်တဲ့အခါမေတ္တာတွေလဲ မကယ်နိုင်တော့ဝူးသံယောဇဉ် ဆိုတာတေကမသိချင်ယောင် ဆောင်နေလေရဲ့တစ်ယောက်ရဲ့ ဆက်သွယ်မှုကိုတစ်ဦးက တိတ်ဆိတ်စွာ စောင့်မျှော်ရင်းငါတို့က ဝေးကွာခြင်းနဲ့ အတူမသိမသာ နေသားကျခဲ့ရတယ်ပိုင်ဆိုင်ပြီးသား အရာတစ်ခုကိုအဝေးက ငေးကြည့်နေရတာလောက်နာကျင်ရတာ ဘဝမာမရှိပါဝူးလောကငရဲဆိုတာ ဒါများလားချစ်တယ်လို့ ဆိုတာထက်သာလွန်တဲ့တောင့်တ တွယ်တာမှု့တေနဲ့အတူစကားလုံးတေနဲ့ ဖော်ပြလို့ မရတဲ့ငါ့ခံစားချက်တေနဲ့နင့်ကိုငါ အရင်ကထက်လွမ်းလို့ကောင်းနေတုန်းပါများသောအားဖြင့်တူညီကြတဲ့ငါတို့ နှစ်ယောက်အကျင့်စရိုက်တေဒီတစ်ခါလည်းအသည်းမာမာနဲ့ပဲ ဆက်တူကြယုံပေါ့နေ့သစ်တစ်ခုမာငါရဲ့စတင်နိုးထမှုနဲ့အတူနင့်ဆိုတဲ့ နာမ်စားလေးကခေါင်းထဲ အရင်ဆုံး ခုချိန်ထိရှိနေတဲ့အကြောင်းတကူးတက Cb ထဲထိအရင်ကလို တဖွဖွငါလာမပြောဖြစ်တော့ပေမဲ့Good Morning ဆိုတဲ့စာလုံးလေးတေကတော့အသိဆုံးဖြစ်မာပါ ချစ်သောရယ်။
Monday, March 18, 2024
Labels:
ကဗျာ,
အမှတ်တရ
at 10:30:00 AM
