The Love Message of the Dolphins

Wednesday, February 26, 2025

 ဒီပုံကို ဆွစ်ဇာလန်ကအနုပညာရှင် Sandro Del-Prete က ရေးဆွဲခဲ့တာဖြစ်ပါတယ်။ 

ပန်းချီကားရဲ့အမည်လေးကတော့

"လင်းပိုင်များမှ ချစ်ခြင်းမေတ္တာ သတင်းစကား" ပါတဲ့

ဒီပုံကိုကြည့်ရင်

လိင်စိတ်နှင့် မထိတွေ့ရ ဖူးသေးသော ကလေးငယ်များအဖို့ 

လင်းပိုင်များကိုသာ မြင်တွေ့ရမှာဖြစ်ပါတယ်ဒီပုံထဲမှာ လင်းပိုင်စုစုပေါင်း ၉ ကောင်ရှိပါတယ်

အရွယ်ရောက်ပြီးသား လူကြီးများကတော့ လင်းပိုင်

တစ်ကောင်ကိုတောင် ရှာတွေ့ဖို့ ခက်ခဲနေပြီး စုံတွဲ တစ်တွဲပုံကိုသာ မြင်ပါလိမ့်မယ်



ကလေးငယ်တွေက ဒီလို အတွေ့အကြုံနဲ့ မြင်ကွင်းမျိုးကို တစ်ခါမှ မတွေ့ဘူး တာကြောင့် စုံတွဲလို့ မမြင်မိကြတာပါ

လူကြီးတွေ ကတော့ ဒီလို မြင်ကွင်းမျိုးနဲ့ ရင်းနှီးပြီးသား ဖြစ်တာကြောင့် စုံတွဲပုံလို့ မြင်မိတာဖြစ်ပါတယ်

အဲဒီလိုပါပဲ ကျနော်တို့ဟာ မိမိ ထိတွေ့ ဖြတ်သန်းထားတဲ့ အတွေ့အကြုံများအရ

ဖြစ်ပေါ်လာတဲ့ယုံကြည်ချက် ပြောင်းလဲလာတဲ့ ခံယူချက်များကြောင့်

တယောက်နဲ့ တယောက် ကမ္ဘာကြီးကို ရှုမြင်ပုံနဲ့ တုံ့ပြန်မှုတွေဟာကွဲပြား ကွာခြားနေတာဖြစ်ပါတယ်။

သူဆွဲခဲ့တဲ့ သူ့လက်ရာတွွေ

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လား နောင်တ အပါဝင်ပေါ့