As iT

Tuesday, December 16, 2025

ကျနော့ကို မကောင်းဝူးလို့ ပြောတဲ့သူရှိရင် ယုံလိုက်ပါ

ကျနော်က သဘောကောင်းတယ်လို့ 

ပြောတဲ့သူရှိရင်လည်း ချွင်းချက်မရှိ ယုံလိုက်ပါ

လူတိုင်းကလည်း

ကျနော့ အပေါ် မကောင်းနိုင်သလို 

လူတိုင်းအပေါ်ကိုလည်း

ကျနော်က ပြန်မကောင်းပေးနိုင်ပါဝူး

ကိုယ်နဲ့ထပ်တူကျတဲ့ ဆက်ဆံရေး

ကိုယ်နဲ့ ထပ်တူကျတဲ့ စစ်မှန်မှုတွေကို

နှစ်ဆ သုံးဆ ပိုကောင်းပေးတတ်ပီး

ကိုယ့်အပေါ် မကောင်းတဲ့သူကိုလည်း

မေတ္တာ မထားပေးနိုင်သလို

သူဆိုးရင်

ကျနော်က သူ့ထက် ပိုပြီး နှစ်ဆ သုံးဆ ဆိုးပေးတတ်လို့

ပေးတဲ့ အတိုင်း ပြန်ပိုပေးတတ်တဲ့အကျင့်ကြောင့်

တချို့လူတွေပါးစပ်ဖျားမှာ 

ကျနော် နာမည်ကောင်း မရခဲ့ပါဝူး

ဘာဖြစ်လို့လဲဆိုတော့

သူတို့ကလည်း ကျနော့အပေါ် မကောင်းခဲ့လို့

😎

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လား နောင်တ အပါဝင်ပေါ့